ကျိုင်းတုံ ဇွန် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ ယနေ့တွင် စတင်၍အေးချမ်းစွာ စတင်ဖွင့်လှစ်ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင် မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်အထိ ကျောင်းအပ်နှံမှုသတင်းပတ်အဖြစ်ဆောင်ရွက်ခဲ့ရာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၉၇၇ လာရေက် ကျောင်းအပ်နှံခဲ့ပြီး ယနေ့တွင် အခြေခံပညာကျောင်းများစတင်ဖွင့်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိပြီး ကျောင်းအပ်နှံရန် ကျန်ရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ်များရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင် မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်အထိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၂၉၈၄ လာရောက်ကျောင်းအပ်နှံခဲ့ပြီး ယနေ့တွင် အခြေခံပညာကျောင်းများ အေးချမ်းစွာ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)