နွားထိုးကြီး ဇွန် ၂
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်ကလေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ပြီး KG တန်းတွင် ကွန်ပါ(၁)ဘူး၊ ဗလာစာအုပ် (၆)အုပ်၊ ခဲတံ၁ဒါဇင်၊ မူလတန်းအဆင့်တွင် ဗလာစာအုပ် ၁ ဒါဇင်နှင့် ခဲတံ ၁ ဒါဇင်၊ အလယ်တန်းနှင့်အထက်တန်းတို့တွင် ဗလာစာအုပ် ၁ ဒါဇင်နှင့် ဘောပင် ၃ ချောင်း၊ တက္ကသိုလ်အဆင့်တွင် ထောက်ပံ့ငွေ (၁၅၀၀၀)ကျပ်နှုန်းဖြင့် KG တန်းတွင် (၃)ဦး၊ မူလတန်းတွင်(၂၄)ဦး၊ အလယ်တန်း(၉)ဦး၊ အထက်တန်း(၉)ဦး၊ တက္ကသိုလ်အဆင့်(၈)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၃)ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်