မြစ်ကြီးနားမြို့၌ ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မြစ်ကြီးနား ဇွန် ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စု‌ပေါင်းရုံးရှိ မနောရွှေပြည်ခန်းမ၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက အဖွင့်အမှာစကားပြေားကြားကာ တက္ကသိုလ် ကျောင်းသား/သူများအား ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ် ခဲ့ပြီး အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/သူများနှင့် မူကြို‌ကလေးငယ်များအား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းရန်နိုင်ထွန်းနှင့် တာဝန်ရှိသူများက ပညာသင်စရိတ်များ ထောက်ပံ့ပေးခဲ့ ကြသည်။

အဆိုပါ ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲတွင် တက္ကသိုလ်ကျောင်းသား/သူ (၁၁)ဦး၊ အခြေခံပညာ အထက်တန်းကျောင်းသား/သူ (၁၂)ဦး၊ အခြေခံပညာအလယ်တန်း ကျောင်းသား/သူ (၆)ဦး၊ အခြေခံပညာမူလ တန်းကျောင်းသား/သူ (၂၉)ဦးနှင့် မူကြိုကလေးငယ် (၈)ဦး စုစုပေါင်း ကျောင်းသား/သူ (၆၆)ဦးတို့အား ထီး၊ ဗလာစာအုပ်၊ စာရေးကိရိယာ အမျိုးမျိုးနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ခရိုင် (ပြန်/ဆက်)