ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မိုးညှင်းမြို့ စည်ပင်သာယာစျေးများ သန့်ရှင်းသာယာလှပစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မိုးညှင်း ဇွန် ၂

ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် မိုးညှင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ဆန်းဝင်း၊ ဝန်ထမ်းများနှင့် အတူ ဇွန်(၁)ရက် နံနက်(၆)နာရီက မြို့ပေါ်ရပ်ကွက်များရှိ မြို့မစည်ပင်သာယာစျေးနှင့် အောင်သပြေ စည်ပင်သာယာစျေးများတွင် သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီးသည် မြို့မစည်ပင်သာယာ စျေးနှင့် အောင်သပြေစည်ပင်သာယာစျေးတို့တွင် အသား ငါးများ၊ ကုန်စိမ်းများနှင့် အဝတ်အထည် များ ခင်းကျင်းရောင်းချနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပြီး  စျေးသန့်ရှင်းသာယာလှပစေရေး၊ ဆိုင်ခန်းများ စနစ်တကျရောင်းချရေး၊ အသားငါးများ ပေါက်စျေးနှုန်းအတိုင်း ရောင်းချနိုင်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့အတွက် စီမံဆောင်ရွက်ပေးခဲ့ကာ  စျေးရောင်း စျေးဝယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ ရောင်းဝယ်ဖောက်ကား မှု အခြေအနေများကို မေးမြန်းခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် မြို့နယ်သစ်တောဦးစီးဌာနပိုင် မြို့မသစ်တော ပျိုးဥယျာဉ်သို့ သွားရောက်ပြီး ပျိုးဥယျာဉ်အတွင်း ၂၀၂၂ ခုနှစ်အတွက် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်နှင့် လူထု ဖြန့်ဖြူးနိုင်ရေးအတွက် ကျွန်း၊ ပျဉ်းကတိုး၊ ယမနေ၊ မိုင်ဂျန်ရှား၊ ကံ့ကော် စသည့် ပျိုးပင်ပေါင်း (၂၁၁၅၀၀)ပင်ကို ပျိုးထောင်စိုက်ပျိုးထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ရှင်းလင်းဆောင်၌ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကိုကိုဝင်း၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး မိုးညှင်းမြို့နယ်အတွင်း သစ်တောဦးစီးဌာနမှ ထိန်းသိမ်းထားရှိသည့် သစ်တောကြိုးဝိုင်းများနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်မှုနှင့် မြို့မဘိနယ်၏ အုပ်ချုပ်မှုအခြေ အနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး အမှုဆောင်အရာရှိ ဦးအောင်ဆန်းဝင်းက ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်အတွင်း စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးက ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းများအမြန်ဆုံး ဆောင်ရွက်ပြီးစီးရေး မှာကြားခဲ့သည်။

ယင်းနောက် နားခါရပ်ကွက်အတွင်း ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် စိမ်းရတနာမွန်(တောင်) ၁ လမ်း၊ အရှည်ပေ (၁)ထောင်နှင့် အကျယ်(၁၈)ပေရှိ ကတ္တရာလမ်း ခင်းကျင်းဆောင်ရွက်ပြီးစီးမှု အခြေ အနေကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် လျှပ်စစ်အင်ဂျင်နီယာရုံး၌ ခရိုင်ဦးစီးမှူး ဦးသန်းထိုက်ဦး၊ ဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ကြိုးစား ဆောင်ရွက်ကြစေရေး တိုက်တွန်းအားပေးပြောကြားကာ ဝန်ထမ်းများ၏ အခက်အခဲ၊ လိုအပ်ချက် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)