မရမ်းကုန်း ဇွန် ၂
ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်သာယာလှပစေရေးနှင့် ကျောင်းသား ၊ကျောင်းသူများ အေးချမ်းလုံခြုံစွာ ပညာသင်ကြားနိုင်စေရေးအတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁) ရပ်ကွက်ရှိ အမှတ် (၂၆) အခြေခံပညာ မူလတန်းကျောင်း၌ သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ခဲ့ကြသည်။
ဩထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းဝင်းအတွင်းရှိ အဆောက်အဦးနှင့် မလွတ်ကင်းသော၊ အမြင်မတင့်တယ်သည့် သစ်ကိုင်းများခုတ်ထွင် ရှင်းလင်းခြင်း၊ ကျောင်းဆောင်များ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေမြောင်းများအတွင်းရှိ အမှိုက်များ ဆယ်ယူခြင်းများနှင့် စာသင်ခန်းအတွင်းရှိ စာပွဲခုံများ သန့်ရှင်းခြင်း အစရှိသည်တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။
အေးအေးအောင်(ပြန်/ဆက်)