ရမည်းသင်း ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ယနေ့နံနက် ၉နာရီကစတင်ပြီး အခြေခံပညာကျောင်းများတွင် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊"ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိစေရန်"နှင့် ၅ နှစ်အရွယ်ကလေးများကိုသူငယ်တန်း(KG) တန်းကိုလည်းကောင်း၊ ၆ နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1) တန်းကိုလည်းကောင်း တက်ရောက်သင်ကြားလျက်ရှိရာ ရမည်းသင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၂၃၅)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၉)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၄)ကျောင်းရှိကြောင်းမြို့နယ် ပညာရေးမှူးရုံး စာရင်းအရသိရသည်။
ရမည်သင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၂၇၆၅၇)ဦး၊ အလယ်တန်းဆင့်ကျောင်းသား၊ ကျောင်းသူ (၉၇၃၄)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၆၉၈)ဦး၊ စုစုပေါင်း (၄၁၀၈၉)ဦး ကျောင်းအပ်နှံကြောင်း သိရသည်။
မိမိခိုင်