မိတ္ထီလာမြို့နယ်၌ အခြေခံပညာကျောင်းများရှိ အသက် ၅နှစ်မှ ၁၂ နှစ်အထိ ကျောင်းသူကျောင်းသားများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

မိတ္ထီလာ ဇွန်

မိတ္ထီလာမြို့နယ်၌ အခြေခံပညာကျောင်းများ၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများရှိ အသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသူကျောင်းသားများအား  ယနေ့နံနက် ၉ နာရီ အချိန်က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးကြောင်း သိရသည်။

မြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနဲ့  ကိုယ်ပိုင်ကျောင်းများမှာရှိတဲ့အသက် ၅နှစ်မှ ၁၂ နှစ်အထိ ကျောင်းသူကျောင်းသားများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ဇွန်လ ၂ ရက်နေ့မှာ  စတင် ဆောင်ရွက်တာဖြစ်ပါတယ် ။ ဇွန်လ ၁၇ ရက်နေ့ အထိ ပထမအကြိမ်ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ ဒီနေ့စတင်ထိုးနှံပေးတဲ့ ကျောင်းများနဲ့ ကာကွယ်ဆေးထိုးနှံပေးတဲ့ ကျောင်းသူကျောင်းသား အရေအတွက်ကတော့ အလကလေ့ကျင့်ရေး ၄၆၅ ဦး၊ အလက ပြည်သာယာ ၃၆ဝ ဦး၊ အထကခွဲ အောင်ဇေယျာ၊ ၃၆ဝ ဦး၊ အထက ချည်စက် ၅၈ဝ ဦး၊ အထက() ရှမ်းတဲ ၉ဝဝဦး၊ အထကမုန်တိုင် ၂၈၇ ဦး၊ အထကခွဲ တုံးအိုင် ၄ဝ၅ ဦး၊ အထကခွဲ ကွက်ငယ်၊ မူလွန် ဒဟတ္တန်း၊ အမက (၁၄၄) မြောင်း ပေါက် ၃ဝ၅ ဦး၊ အမက(၁၅၃) မကျီး၊ အမက(၆၂)ရှေ့ကန်နီ၊အမက(၁၂၈)ပျဉ်သာ-၂၊ ၂၁ဝ ဦး၊ အထက အလည်ရွာ၊ အမက(၂ဝဝ) အင်ကြင်းကုန်း၊ အမက(၂၂၆)ဆွာတော ၂ဝ၅ ဦး၊ အထကဖက်တော၊ အမက(၈ဝ) ညောင်ပင်လျှို၊ အမက(၁ဝ၄) အရာတော်၊ အမက ၂၂ဝ) မုံဇင်း ၂၇ဝဦး၊ အထက ညောင်ကိုင်း၊ အမက(၂၁၄) ဥယျာဉ်  ၂၆၅ ဦး၊  အမက(၂ဝ၄) ညောင်လည်၊ အမက(၇ဝ)ဂွေးကုန်း၊ အလက ရှမ္မငယ်၊ အမက(၁၈၃) သစ်စိမ့်ပင် ၁၈၅ ဦး ဖြစ်ပါတယ်ဟု အဆိုပါ ကျောင်းသူကျောင်းသားများအား  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးသည့်လုပ်ငန်းဆောင်ရွက်လျက်ရှိသော မြို့နယ်ပြည်သူ့ကျန်းမာ ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မိတ္ထီလာမြို့ နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၂၆၇ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်း ၁၉ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၁၉ ကျောင်းရှိပြီး ဇွန်လ ၂ ရက်နေ့တွင် ကျောင်းများ စတင်ဖွင့်လှစ်ကာ ကျောင်းသူကျောင်းသားများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ယူလျက်ရှိကြောင်းလည်း သိရသည်။

ချမ်းသာ