လှည်းကူးမြို့နယ်၊ ကြာအင်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးကွင်းဆင်းထိုးနှံပေး

လှည်းကူး ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ အသက်(၁၅)နှစ်မှ အသက်(၁၈)နှစ်နှင့်အထက် ဒေသနေပြည်သူများ၊ သံဃာတော်များ၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ကြာအင်းကျေးရွာအုပ်စုတွင် တာဝန်ရှိသူများက ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာအုပ်စုတာဝန်ရှိသူများတို့က ကာကွယ်ဆေးထိုးရန် လာရောက်သည့်ပြည်သူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ စာရင်းရေးသွင်းပေးခြင်းနှင့် မှတ်တမ်းကောက်ယူခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးသည်။

ထို့နောက်ကျန်းမာရေးဝန်ထမ်းများက အသက်(၁၅)နှစ်မှ(၁၈)နှစ်နှင့်အထက် ဒေသနေပြည်သူများ၊ သံဃာတော်များ၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)