နေပြည်တော်ကောင်စီ ငွေလုံး‌ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာဖွင့်ဖောက်စစ်ဆေး

ဇေယျာသီရိ ဇွန် ၂

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း နေပြည်တော်ကောင်စီ ငွေလုံး‌ငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးသည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က တင်ဒါဆိုင်ရာ စည်းမျည်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီ ငွေလုံး‌ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဇေယျာသီရိမြို့နယ်အတွင်းဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်သည့် ရေရရှိရေးလုပ်ငန်း၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်း၊ လမ်းလုပ်ငန်းနှင့် အခြားလုပ်ငန်းများ အတွက် Lot ၅ ခုတို့အား  မြို့နယ်တင်ဒါကော်မတီအဖွဲ့ဝင်များက တင်ဒါလျှောက်လွှာတင်သွင်းထားသည့် နည်းပညာအဆိုပြုလွှာများကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ တင်ဒါလျှောက်လွှာတင်သွင်းထားသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)