ချောင်းဆုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းတွေ့ဆုံပွဲနှင့် ကော်မတီအသစ် ရွေးချယ်တင်မြှောက်ဖွဲ့စည်းခြင်း ဆောင်ရွက်

ချောင်းဆုံ ဇွန်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များ အသင်းတွေ့ဆုံပွဲနှင့် ကော်မတီအသစ်ရွေးချယ်တင်မြှောက်ဖွဲ့စည်းခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပရာ မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခိုင်ဦး၊ မော်လမြိုင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးအောင်ကိုကိုနှင့် ချောင်းဆုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးပြည့်ဖြိုးဝေနှင့် ဝန်ထမ်းများ၊ ချောင်းဆုံမြို့နယ် ဆန်စက်လုပ်ငန်းလုပ်ကိုင်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်အသင်းဥက္ကဋ္ဌ ဦးခိုင်ဦးက ဆန်စက်လုပ်ငန်းရှင်များအသင်းဖွဲ့စည်းရခြင်း ရည်ရွယ်ချက်အားလည်းကောင်း၊ ကော်မတီရွေးချယ်တင်မြှောက်ခြင်းကို (၃)နှစ်လျှင် တစ်ကြိမ်ရွေးချယ် တင်မြှောက်ကြောင်း၊ ယခုရွေးချယ်တင်မြှောက်ခြင်းသည် (၂၀၂၂မှ၂၀၂၅)ခုနှစ်အထိ သက်တမ်းရှိကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ဆန်စက်ပိုင်ရှင်များမှ ကော်မတီရွေးချယ်တင်မြှောက်ရာ ဆန်စက်လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးမြင့်နိုင်အားလည်းကောင်း၊ ဒု-ဥက္ကဋ္ဌ (၁)ကို ဦးအေးကိုအား လည်းကောင်း၊ အတွင်းအရေးမှူးအဖြစ် ဦးအောင်ပြည့်စုံအားလည်းကောင်း၊ စုစုပေါင်း(၁၄)ဦးရွေးချယ် တင်မြှောက်ခဲ့ကြောင်းနှင့် ကော်မတီများမှ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းအကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်းသိရသည်။

ချောင်းဆုံ(ပြန်/ဆက်)