ကျိုက်မရော ဇွန် ၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကျန်းမာရေးဆေးပေးခန်းများ၌ ဇွန် ၁ရက်နေ့ နံနက်ပိုင်းမှစ၍ အသက်တစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ရာတွင် ဆေးထိုးအုပ်စုများ သတ်မှတ်ကာ မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာအုပ်စုများရှိ ကျန်းမာရေးဆေးပေးခန်းများတွင် လစဥ်လဆန်းရက်တိုင်း ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည်။ အသက်တစ်နှစ်အောက် ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်အဆုပ်ရောင်ရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါစသည့် ငါးမျိုးစပ်ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ပုံမှန်ထိုးနှံပေးပြီး ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများကိုလစဉ်ပုံမှန် ပြုလုပ်ပေးလျက်ရှိကြောင်း အောင်သုခရပ်ကွက် မိခင်နှင့်ကလေးကျန်းမာရေး စောက့်ရှောက်ရေးကျန်းမာရေးဆေးခန်းမှ ဘက်စုံသားဖွားဆရာ မဒေါ်နီနီအေး၏ ပြောပြချက်အရ သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)