လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် လစဉ်‌မွေးကင်းစမှအသက်(၁)နှစ်ခွဲ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း)  ဇွန်  ၁

ရန်ကုန်တိုင်းဒေသကြီး၊‌ မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က မွေးကင်းစမှ (၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ  ကျန်းမာရေးဆရာမ ဒေါ်မိမိထွေးနှင့် ဆရာမများက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ဝက်သက်-ဂျိုက်သိုးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း၊ ဘီစီဂျီကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(pcv)ကာကွယ်ဆေး၊   ပိုလီယိုကာကွယ်ဆေး၊ ပိုလီယိုအစက်ချကာကွယ်ဆေး၊ တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်လုပ်ငန်းကို မြို့ပေါ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် လစဉ်(၁)ရက်နေ့မှ()ရက်နေ့အထိ ထိုးနှံပေးလျက်ရှိပြီး ကျန်ရက်များတွင်ရပ်ကွက်နှင့်‌ ကျေးရွာများရှိကျန်းမာရေး ဌာနခွဲများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဝေလွင်ကျော် (ပြန်/ဆက်)