မြစ်ကြီးနား ဇွန် ၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စုပေါင်းရုံးရှိ မနောရွှေပြည်ခန်းမ၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ် ၁၂ နာရီခွဲက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက အဖွင့်အမှာစကားပြေားကြားကာ တက္ကသိုလ်ကျောင်းသား/သူများအား ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/သူများနှင့် မူကြိုကလေးငယ်များအား ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးမင်းရန်နိုင်ထွန်းနှင့် တာဝန်ရှိသူများက ပညာသင်စရိတ်များ ထောက်ပံ့ပေးခဲ့ကြ သည်။
အဆိုပါ ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲတွင် တက္ကသိုလ်ကျောင်းသား/သူ (၁၁)ဦး၊ အခြေခံ ပညာ အထက်တန်းကျောင်းသား/သူ (၁၂)ဦး၊ အခြေခံပညာ အလယ်တန်းကျောင်းသား/သူ (၆)ဦး၊ အခြေခံပညာ မူလတန်းကျောင်းသား/သူ (၂၉)ဦးနှင့် မူကြိုကလေးငယ် (၈)ဦး စုစုပေါင်း ကျောင်းသား/သူ (၆၆)ဦးတို့အား ထီး၊ ဗလာစာအုပ်၊ စာရေးကိရိယာအမျိုးမျိုးနှင့် ထောက်ပံ့ငွေ များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ခရိုင် (ပြန်/ဆက်)