ဒေးဒရဲ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီ၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ် တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများ အရောက် စာအုပ်စာစောင်များ လိုက်လံငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ ငှားရမ်းပေးခြင်းဆောင်ရွက်ရာတွင် စာကြည့်တိုက်အသင်းဝင်(၆)ဦးအား သုတ(၈)အုပ်၊ ရသ(၄)အုပ်တို့ကို ငှားရမ်းပေးနိုင်ခဲ့ပြီး၊ တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင်အသစ်များဖြင့် အစားထိုးငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း