နမ့်ဆန်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (ကျန်းမာရေးဌာန)မှ စေတနာ့ဝန်ထမ်းများအတွက် ကပ်ရောဂါကာ ကွယ်ထိန်းချုပ်ရေးဆိုင်ရာ သင်တန်းဖွင့်လှစ်

နမ့်ဆန် ဇွန် ၁ 

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး လူငယ်သင်တန်းကျောင်း၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း (ကျန်းမာရေးဌာန)က ဆောင်ရွက်လျက်ရှိသော ရပ်ရွာလူထုအားလုံးပါဝင်သော ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် ကျေးရွာများတည်ဆောက်ခြင်း စိမံကိန်းနှင့်ပဏာမ ကျန်မာရေးစောင့်ရှောက်မှု လက်လှမ်းမီ စေရေး ကျေးရွာများတွင် ကပ်ရောဂါများထိန်းချုပ်နိုင်ရန် စောင့်ကြည့်နိုင်စေရန်အတွက် Epidemic Control for Volunteer (ECV) စေတနာ့ဝန်ထမ်းများအတွက် ကပ်ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ သင်တန်းကို ယနေ့နံနက်ပိုင်း(၉)နာရီအချိန်က ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဖွင့်လှစ်ပွဲတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုဥက္ကဋ္ဌက အမှာစကားပြောကြားပြီး    သင်တန်းဦးဆောင်ဆွေးနွေးသူ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးမြင့်အောင်က သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး သင်တန်းတွင်သင်ကြားမည့် အကြောင်းအရာများမှာ ကပ်ရောဂါအကြောင်း သိကောင်းစရာများအပြင် ဝမ်းပျက်ဝမ်းလျောရောဂါ၊ ဌက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေး၊ တီဘီ၊ ကြက်ဌက်တုပ်ကွေးစသည့် ရောဂါအကြောင်းသိကောင်းစရာများကို သင်ကြားခြင်းနှင့် သဏ္ဍာန်တူလေ့ကျင့် ဆောင်ရွက်သွားခဲ့ပါသည်။

သင်တန်းအား (၁.၆.၂၀၂၂) မှ (၃.၆.၂၀၂၂) ထိ(၃)ရက်သာ ကာလဖြစ်ပြီး စီမံကိန်းဝင်ကျေးရွာမှ စေတနာ့ လုပ်အားရှင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်နှင့် စီမံကိန်းဝင်ဝန်ထမ်းများ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)