မိုးနဲမြို့နယ်၌ Mobile library စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

မိုးနဲ ဇွန် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ Mobile library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများကို အပတ်စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ အချိန်တွင် မြို့နယ် မီးသတ် ဦးစီးဌာနသို့ သွားရောက်ဌားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရန်၊  စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာပေလေ့လာလိုသူများ စာပေလေ့လာနိုင်စေရန်၊ စာငှား/စာဖတ်  တိုးပွားလာစေရန်နှင့် စာဖတ်စွမ်းရည် မြှင့်မားလာစေရန်ရည်ရွယ်၍ စာအုပ်စာစောင်များကို ဌာနဆိုင်ရာများသို့ အပတ်စဉ် သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ မြို့နယ် မီးသတ်ဦးစီးဌာနသို့ စာအုပ်/စာစောင်များ သွားရောက်ငှားရမ်းပေးရာတွင် အသင်းဝင်ကတ်ပြား မရှိသေးသူများကို အသင်းဝင်ကတ် ပြုလုပ်ပေးခဲ့ပြီး မိမိတို့ ကြိုက်နှစ်သက်သည့် စာအုပ်/စာစောင်များကို ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။

ဇင်ကိုကို (ပြန်/ဆက်)