ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ အထိမ်း အမှတ်မြေစိုက်ပိုစတာ စိုက်ထူ

ကျောက်ဆည် ဇွန် ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဆူးကုန်းအောက်ချိုင်းရပ်ကွက်၊ ရုံးကြီးလမ်းနှင့်ဆေးရုံလမ်းထောင့်တွင် ၂၀၂၂ ခုနှစ် ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ဇွန်လ (၁)ရက်နံနံက်(၉)နာရီခွဲက ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်မော်ကိုနှင့်ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးနှင့် ဝန်ထမ်းများပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့သည် ပထမအကြိမ် ကုလသမဂ္ဂလူသားညီလာခံ ကျင်းပခဲ့သည့် နှစ်(၅၀)ပြည့်နှစ်ဖြစ်ပြီး ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်ဖွဲ့စည်းတည်ထောင်မှုနှင့်နှစ်စဉ်ဇွန်လ(၅) ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ပေးခဲ့ပြီး ကမ္ဘာအဝှမ်းပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ လှုပ်ရှားမှုများ စတင်မွေးဖွားပေးခဲ့သည့်နေ့အဖြစ် "တစ်ခုတည်းသောကမ္ဘာမြေ" "Only One Earth" ဟူသော ဆောင်ပုဒ်ဖြင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

သက်မောက်(ကျောက်ဆည်)