မဟာအောင်မြေ ဇွန် ၁
မဟာအောင်မြေမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် အကြောင်းအရာများအား အသိပညာဗဟုသုတရရှိစေရန်နှင့် သိရှိလာသော အသိပညာဗဟုသုတများကို အခြားသူများလည်း မျှဝေနိုင်စေရန် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀) နာရီက လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေးနံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်ပြသမှုတွင် အသိပညာဗဟုသုတ ရရှိစေမည့်စာသားများ၊ လူကုန်ကူးမှု သည် လူသားတွေအတွက်အလွန်ပင် အန္တရာယ်ကြီးမားကြောင်း အများပြည်သူ၊ ကျောင်းသား/ ကျောင်းသူများအား ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ခင်းကျင်းပြသထားရာ ကျောင်းသား/ ကျောင်းသူများ၊ Youth Club အဖွဲ့ဝင်များကလည်း စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အထိမ်းအမှတ်နေ့များနှင့် နေ့ကြီး၊ ရက်ကြီးများတွင် ပြပွဲ၊ ပြခန်းများ ဆောင်ရွက်ပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများကို၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်၊ပန်းချီပြိုင်ပွဲစသည့် ပြိုင်ပွဲများကို လစဉ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း