မြေပုံ ဇွန် ၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်းရှိ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
၂၁-၅-၂၀၂၂ ရက်နေ့တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု(၁၆) အုပ်စုမှ ကျေးရွာ(၂၀)ရွာတွင်ဓနိမိုး၊ ဓနိကာ ဝါးခင်း (လုံးဝပျက်စီး) လူနေအိမ်(၄၀)အိမ်အတွက် (၁) အိမ်လျှင် ငွေကျပ် (၁) သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးအားလည်းကောင်း၊ လုံးဝပျက်စီးလူ နေအိမ်(၄၀)အိမ်နှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်(၃၄၉)ရှိ လူဦးရေ(၁၁၉၈) ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ငွေကျပ်(၂၅၁၅၈၀၀)သိန်းစုစုပေါင်း(၆၅၁၅၈၀၀) သိန်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှူးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဝင်းတို့က လေဘေးသင့် အိမ်ထောင်စုများအတွက် သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
တင်ဝင်း(ပြန်/ဆက်)