သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်နှင့်ကျောင်းသုံး စာရေးကိရိယာများထောက်ပံ့ပေးအပ်

သာစည် ဇွန် ၁

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီးများအား၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာ သင်စရိတ်နှင့်ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နေ့လယ် ၂ နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က အမှာစကား ပြောကြားသည်။ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်း မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌဒေါ်ဝေဝေခိုင်နှင့်ကော်မတီဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ဒုတိယဦးစီးမှူးများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက တက္ကသိုလ်အဆင့်ကျောင်းသား/သူ ၇ ဦး၊ အထက်တန်းအဆင့်ကျောင်းသား/သူ ၁၁ ဦး၊ အလယ်တန်းအဆင့်ကျောင်းသား/သူ  ၁၆  ဦးနှင့် မူလတန်းအဆင့်ကျောင်းသား/သူ  ၂၃ ဦးစုစုပေါင်းကျောင်းသား/သူ  ၅၇  ဦးတို့အား ပညာသင်စရိတ်ထောက်ပံ့ငွေများနှင့် ကျောင်းသုံး စာရေးကိရိယာများပေးအပ်သည်။ ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ရာတွင် တက္ကသိုလ်အဆင့်တစ်ဦးလျှင် ငွေကျပ် ၂၅၀၀၀၊ အထက်တန်းအဆင့်တစ်ဦးလျှင်ငွေကျပ် ၂၀၀၀၀၊ အလယ်တန်းအဆင့်တစ်ဦးလျှင် ငွေကျပ်  ၁၅၀၀၀  နှင့် မူလတန်းအဆင့်တစ်ဦးလျင် ငွေကျပ် ၁၀၀၀၀ နှုန်းနှင့်  စာရေးကိရိယာများ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။ ထို့နောက်ဝန်ထမ်းများနှင့် ဝန်ထမ်းသား သမီးများအား အာဟာရ နို့သာကူကျိုတိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပညာသင်စရိတ်နှင့်ကျောင်းသုံးကိရိယာများထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ဝန်ထမ်းသား/သမီးများတက်ရောက်ခဲ့ကြောင်း သိရသည်။        

 မြို့နယ်(ပြန်/ဆက်)