ဟိုပန်၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များနှင့် အာဟာရမုန့်များ ကွင်းဆင်းထောက်ပံ့

ဟိုပန် ဇွန် ၁

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား ကျန်းမာရေးကောင်းမွန်၍ အာဟာရဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး  လူမှုရေးပင်စင်ငွေနှင့် အာဟာရမုန့်များကို ယမန်နေ့က  အိမ်တိုင်ရာရောက်သွားရောက်၍  ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဟိုပန်မြို့ပေါ်ရှိ မန်ကောင်းရပ်ကွက်နှင့်‌ မော်ဟွေ့ကျေးရွာအုပ်စုမှ မော်ဟွေ့ကျေးရွာ၊ နောင်ဟေ့ကျေးရွာနှင့် ဟင်းနားကျေးရွာများရှိ အသက်(၈၅)နှစ်အထက် အဘိုး(၈)ဦး၊ အဘွား(၈)ဦး စုစုပေါင်း(၁၆)ဦးတို့အား "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နွေမိုးအေးနှင့် ခရိုင်၊ မြို့နယ်အဖွဲ့ဝင်များ၊ ဟိုပန်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများပူးပေါင်းကာ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက်  လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေ တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် သုံးလစာ သုံးသောင်းကျပ်စီနှင့် အာဟာရမုန့်အမျိုးမျိုးတို့အား အိမ်တိုင်ရာအရောက်ကွင်းဆင်းပြီး ထောက်ပံ့ပေးအပ်ခဲ့သည်။

ဟိုပန်မြို့နယ်အတွင်းတွင် အသက်(၈၅)နှစ်အထက် အဘိုးအဘွားစုစုပေါင်း(၈၁)ဦးရှိကာ၎င်းတို့အား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်‌ကျေးစာရေးများနှင့်ချိတ်ဆက်၍  ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)