ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ဒဂုံတောင်     မေ     ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့ဆောင်ပုဒ်ပါ ဦးတည်ချက်များနှင့်အညီ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က အမှတ်() အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ  အခမ်းအနားကို အ..က() ကျောင်းသား/သူလေးများက မြန်မာကျောင်းသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသန်းနိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ပညာရေးမှူး ဒေါ်ဦးအေးခင်  က ကျောင်းနေအရွယ်ကလေးများ ရာခိုင်နှုန်းပြည့် ကျန်းမာပျော်ရွှင်စွာဖြင့် တက်ရောက်ပညာ သင်ယူနိုင်စေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများဖြင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကျောင်းအပ်နှံရေးအခြေအနေတို့အား ရှင်းလင်းပြောကြားခဲ့ပြီး ယခုလက်ရှိအချိန် ကျောင်းအပ်နှံထားမှုအနေဖြင့် သတ်မှတ်ရာခိုင်နှုန်းထက် ကျော်လွန်စွာ အပ်နှံထားကြောင်း အစရှိသည်တို့ကို ပြောကြားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နိုင်ငံတော်ကထောက်ပံ့သည့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင် စသည်တို့အား ပေးအပ်ခဲ့ကြပြီး ကျောင်းသား/သူလေးများ က ဇာတိမာန် သီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ကိုယ်ပိုင်အထက်တန်းကျောင်းများ က ပေးအပ်လှူဒါန်းသော အလှူငွေများအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ခံကျောင်းအုပ်ဆရာမကြီးများ က လက်ခံရယူခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး ဒေါ်မိမိမွန်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားဟောင်းများ၊ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ စုစုပေါင်း (၂၂၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်မင်းဟန်(ဒဂုံတောင်)