ဗဟန်း မေ ၃၁
နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေးအတွက် ပညာသင်အခွင့်အလမ်း ပုံမှန်ပြန်လည်ရရှိရေးသည် အထူးအလေးထား ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်၊ မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေးကို ဆောင်ရွက်ရာတွင် အခြေခံပညာသင်ကြားရေးသည် များစွာအဓိကကျပါသည်၊ အခြေခံပညာသင်ကြားကြမည့် ကျောင်းသားလူငယ်များ ပညာရည်နို့အပြည့်အဝ သောက်စို့နိုင်ရန်အတွက် ဗဟန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးကို ယနေ့နံနက် ၉နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မိုးဦးပန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ အလှူရှင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (ဗဟန်း)ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီးချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး အခမ်းအနားတွင် မြို့နယ်ပညာရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ် က ကျောင်းအပ်နှံရေးနေ့ကိစ္စနှင့်ပတ်သတ်၍ ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် အရွယ်ရောက်သူကလေးတိုင်း KG+9 အခြေခံပညာအလယ်တန်းအဆင့် ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေး စီစဉ်ချမှတ်ဆောင်ရွက်လျက်ရှိပြီး အရွယ်ရောက်သူကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေးအတွက် အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ကျန်းမာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများ အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ပါကြောင်း၊ ကလေးများကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအတွင်းအပြင်နှင့်
အဆောက်အဦများကို စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား/သူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်း၏လုံခြုံရေးဆိုင်ရာများ ဆောင်ရွက်ထားပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဗဟန်းမြို့နယ် ပညာရေးမှူး ဦးဌေးဝင်း က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုနှင့် ပညာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားပြီး ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဗဟန်းမြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများမှ ကျောင်းသား/သူများအတွက် နိုင်ငံတော်က ထောက်ပံ့သောပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံနှင့်ကျောင်းဝတ်စုံများကို ကျောင်းသား/သူများထံ ပေးအပ်ကြသည်။
ထို့နောက် ဗဟန်းမြို့နယ်အခြေခံပညာကျောင်းများသို့ အလှူငွေနှင့် ဗလာစာအုပ်များကို အလှူရှင်များက ပေးအပ်လှူဒါန်းကြရာ မြို့နယ်ပညာရေးမှူးက လက်ခံရယူပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက ဇာတိမာန်သီးချင်းဖြင့်ဖျော်ဖြေသီဆိုကြသည်။
ဗဟန်းမြို့နယ်တွင် အခြေခံပညာကျောင်း (၂၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၄)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ကျောင်း၊ စုစုပေါင်း (၂၈)ကျောင်းရှိပြီး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် လျားထားကျောင်းသားဦးရေ (၆၄၃၅)ဦးရှိရာ မေ(၃၁)ရက်နေ့အထိ လာရောက်ကျောင်းအပ်နှံပြီးသူ (၆၂၈၄)ဦးရှိသဖြင့် ၉၈% အပ်နှံပြီးဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)