မောက်မယ် မေ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မောက်မယ်အခြေခံပညာအထက်တန်းကျောင်း နှင်းဆီဆောင်ခန်းမတွင်ကျင်းပခဲ့သည်။
အခမ်းအနားတွင် မောက်မယ်မြို့နယ် ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်သန်းသန်းနွယ်က အခြေခံပညာကျောင်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာတာဝန်ရှိသူများက နိုင်ငံတော်မှအခမဲ့ထောက်ပံ့သည့် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးမြင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးလှမြင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတို့က သက်ဆိုင်ရာကျောင်းအုပ်များထံသို့ အသီးသီးပေးအပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)