မိုင်းပန် မေ ၃၁
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့ နံနက် (၉) အချိန်က မိုင်းပန်မြို့နယ်၊ အ.လ.က မွေတော်ကျောင်း၊ နန်းယီဆိုင်ကော်ခန်းမ၌ကျင်းပရာ အ.ထ.က(မိုင်းပန်) ကျောင်းမှ ကျောင်းသား / ကျောင်းသူ ကလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခန်းအနားကိုဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မိုင်းပန်မြို့နယ် မြို့နယ်ပညာရေးမှူး ဦးဖုန်းမောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ ဆက်လက်၍ နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသော ဗလာစာအုပ်များနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များအား တာ၀န်ရှိသူများမှ အသီးသီးပေးအပ်ခဲ့ပြီး ကျောင်းများတွင် ကျောင်းဖွံ့ဖြိုးရေးဆိုင်ရာများအတွက် လှူဒါန်းပေးကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ အခမ်းအနားတွင် ကျောင်းသူ၊ ကောင်းသားများမှ တက်ရောက်လာသူများအား ကပြဖျော်ဖြေပေးခဲ့ပြီးနောက် အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေး၀န်ထမ်းများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၂၅၀) ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(မြို့နယ် ပြန်/ဆက်)