ပေါက်တော မေ ၃၁
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းရှိ မေ ၂၁ ရက် မွန်းလွဲပိုင်းက မိုးသက်လေးပြင်တိုက်ခတ်မှုကြောင့် လူနေအိမ် ငါးလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။
အဆိုပါ မိုးသက်လေးပြင်တိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီက ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းက ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရေးဦးစီးဌာနမှ အိမ်ထောင်စု တစ်စုလျှင် ၁ သိန်းနှုန်း နှင့် Family Kit ၁၇ မျိုးကိုလည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပေါက်တောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ Family Kit ၃၆ မျိုး တို့ကို တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)