မင်းပြား မေ ၃၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရန်၊ ရာသီဥတုဖောက်ပြန်မှုကို ကာကွယ်နိုင်ရန်၊ အရိပ်နားခိုနိုင်ရန် သစ်တောသစ်ပင်များ၏ တန်ဖိုးကိုသိရှိနိုင်စေရန် မင်းပြားမြို့နယ် သစ်တောဦးစီးဌာနမှ မိုးကြိုကာလ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့က ဘားဘူတောင်အုပ်စုရှိ ဝန်ထမ်းအိမ်ရာ (အိုးအိမ်)ခြံဝင်း၌ ကျင်းပပြုလုပ်သည်။
၂ဝ၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို မင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးစိုးမိုး ဦးဆောင်ပြီး ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ တက်ရောက်ပြီး မင်းပြားမြို့ဝန်ထမ်းအိမ်ရာ (အိုးအိမ်)ခြံဝင်း၌ သစ်ပင်မန်ဂျန်ရှား၊ (၅ဝဝ)၊ သင်းဝင်ဖြူ (၂ဝဝ)၊ သပြေ (၅ဝ)၊ မဟော်ဂနီ (၂ဝဝ)၊ ကုက္ကို (၅ဝ)၊ စုစုပေါင်း သစ်ပင် (၁ဝဝဝ)အား ပျော်ရွင်စွာ စနစ်တကျ ရှင်သန်အောင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သိန်းနုအောင်