ဗိုလ်တထာင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်း ကျင်းပ

ဗိုလ်တထောင် မေ ၃၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီအချိန်က လူငယ်ထုများအကြား စာဖတ်သည့် အလေ့အထအကျင့်ကောင်းများ တိုးပွားစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေ ချစ်မြတ်နိုးသူများအကြား ချစ်ခင်ရင်းနှီးမှု ပိုမိုတိုးတက်ရရှိစေရေးအတွက်  ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ဗိုလ်တထေင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သိန်းသိန်းယဉ်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း  ရည်ရွယ်ချက်ကို  ရှင်းလင်းဆွေးနွေးခဲ့ပြီး စာပေချစ်မြတ်နိုးသူများဖြစ်ကြသည့် စာရေးဆရာမ ဒေါ်ညွှန့်ညွန့် ‌‌က  ‌စာရေးဆရာ ဒေါက်တာကျော်စိန်ရေးသားသော “လူငယ်လမ်းညွှန်” စာအုပ်နှင့် မို့နယ်ဦးစီးမှူး ဒေါ်သိန်းသိန်းယဉ်က စာရေးဆရာ တက်တိုးရေးသားသော “လောကနီတိ" စာအုပ်ဖြင့်လည်းကောင်း   အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူအဖွဲ့ဝင်များက စာဖတ်ဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများ အပေါ် ၎င်းတို့၏ အမြင်များကိုပြန်လည် ရှင်းလင်းဆွေးနွေးခဲ့သည်။ ဗိုလ်တထောင်မြို့နယ်ရုံးတွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် အတွက် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရသည်။

သိန်းသိန်း(ဗိုလ်တထောင်).