ဗိုလ်တထောင် မေ ၃၁
ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့် မားလာစေရန်၊စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ယနေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ်ဦးစီးမှူးက ပြိုင်ပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ရာ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူ များအား အမှတ်တရဆုလက်ဆောင်များကို ပေးအပ်ခဲ့သည်၊၊ ဗိုလ်တထောင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးတက်ရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်အတွက်ပြပွဲ၊ ပြိုင်ပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရသည်။
သိန်းသိန်း(ဗိုလ်တထောင်)