မိုးကောင်းမြို့၌ ဥပဒေရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

မိုးကောင်း မေ ၃၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီတွင် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပြုရေးအဖွဲ့က ဥပဒေရေးရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပြုရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဝင်း၊ အဖွဲ့ဝင် ဒေါ်လီလီဆွေ၊ အဖွဲ့ဝင် ဦးမုန်ဒန်အောင်တို့က ဥပဒေဆိုင်ရာအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းခြင်း ဆိုင်ရာများကိုလည်းကောင်း၊ တရားစွဲဆိုခြင်းဆိုင်ရာ ဥပဒေများကိုလည်းကောင်း၊ အမျိုးသမီးများ၏ ရပိုင်ခွင့်၊ ခုခံပိုင်ခွင့်ဆိုင်ရာ ဥပဒေများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပြီး မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်သည်။

တရားရုံးများတွင် တရားရင်ဆိုင်နေ‌ချိန်၌ အခက်အခဲရှိသော၊ ဆင်းရဲနွမ်းပါးသော ကလေးသူငယ်များ၊ အမျိုး သမီးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသောပုဂ္ဂိုလ်များ အခက်အခဲရှိနေချိန်တွင် ဥပဒေဆိုင်ရာ အထောက် အကူပြုရေးအဖွဲ့မှ ရှေ့နေလိုက်ပါဆောင်ရွက်ရာတွင် ပြီးပြည့်စုံသော အခမဲ့ဆောင်ရွက်ပေးမှုများအဖွဲ့ဖြစ် ကြောင်း၊ မြို့နယ်မှတစ်ဆင့် ခရိုင်၊ ပြည်နယ်၊ ပြည်ထောင်စု အဆင့်ထိ ချိတ်ဆက်၍ အဆင့်မြင့် အဖွဲ့အစည်းများ၏ လမ်းညွှန်မှုခံယူပြီး စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပြုရေးအဖွဲ့ထံမှ သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)