တနိုင်း မေ ၃၁
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ယမန်နေ့ နံနက် (၁၀) နာရီအချိန်ခန့်က ပုန်ခုန်းရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ) ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းက ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်နှံရေး ထောက်ပံ့ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ အတွင်းရေးမှူး ရဲမှူးသက်ခိုင်ဦး၊ အဖွဲ့ဝင်ဗိုလ်မှူး တေဇာအောင်၊ လဝက လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းနှင့် တာဝန်ရှိသူများက အမှတ်(၁)ကျောင်းနှင့် အမှတ်(၂)ကျောင်းများတွင် ကျောင်းအပ်လက်ခံနေမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မနောမြေ(တနိုင်း)