ရှင်ဗွေယန် မေ ၃၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်းတို့၌ မေလ ၂၈ ရက်နေ့ နံနက် ၉ နာရီမှစ၍ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းများ စတင်လက်ခံခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်းတို့၌ ကျောင်းအပ်နှံရေး ဆောင်ရွက်လျက်ရှိရာ ကျောင်းစတင် လာရောက်အပ်နှံသူ ကျောင်းသား/ သူ ဦးရေပေါင်း (၁၇၈)ဦးရှိရာ ယနေ့တွင် အဆိုပါကျောင်းတို့၌ ကျောင်းအပ်နှံသူ ကျောင်းသား/ သူ ဦးရေပေါင်း (၃၃၂) ဦးအထိ လာရောက်အပ်နှံလျက်ရှိသည်။
အဆိုပါ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို ဇွန်လ ၁ ရက်နေ့အထိ လက်ခံဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရှင်ဗွေယန်(ပြန်/ဆက်)