ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများပေါ် Box Culvert တည်ဆောက်‌ နေမှု လုပ်ငန်းတို့ကို တာန်ရှိ သူများ ကွင်းဆင်းစစ်ဆေး

ကွတ်ခိုင် စက်တင်ဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာအုပ်စု၊ မိုင်းယု‌လေး-မန်ကန်-ဖာဖိန်-ငေါ့ငါး- အောက်လီရှော-အထက်လီရှောနှင့် ရှောက်ပန်းကုံးကျေးချင်း ဆက် မြေသား လမ်းများပေါ် Box Culvert တည်ဆောက်‌နေမှု လုပ်ငန်းတို့ကို နယ်စပ် ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုး များဖွံ့ဖြိုး တိုးတက်ရေး ဦစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများ က ယမန်နေ့ နံနက်ပိုင်း၌ သွားရောက်ကွင်းဆင်း စစ်ဆေး သည်။

ထိုသို့ သွားရောက်ကွင်းဆင်းစစ်ဆေးရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦစီးဌာန၊ ကွတ်ခိုင်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ခေတ္တတာဝန်ခံ ဦးရန်အောင်ကျော်မျိုး၊ ဒုတိယဦးစီးမှူး ဦးညီတင်နှင့် တာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ်အစိုးရ၏ ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်း (၉ ဒဿမ ၅၁၀)ဖြင့် Box Culvert(၂)စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ကို သတ်မှတ်စံ ချိန်စံ ညွန်းနှင့် ကိုက်ညီမှု ရှိ/မရှိ ၊ အချိန်နှင့်တပြေးညီ ပြီးစီးမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း တင်ပြသည်။

အဆိုပါ လုပ်ငန်းတို့ကို ဖြူစင်စေတနာဆောက်လုပ်ရေးကုပ္မဏီမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း၌  တာဝန်ယူဆောင်ရွက်သော Box Culvertများ ဖြစ်ကြောင်း သိရသည်။ 

ကိုမိုင်း(ပြန်/ဆက်)