ကွတ်ခိုင် စက်တင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ယနေ့ နံနက်ပိုင်းက မြို့မဈေးနှင့် ယာယီပျံကျဈေးအတွင်းသို့ ဝင်/ထွက်သွားလာသောဒေသခံ ပြည်သူ များနှင့် ခရီးသွားပြည်များအား Mask (၁၀၀၀)ခု အခမဲ့ ဖြန့်ဝေပေးသည်။
ဒေသခံပြည်သူများအနေဖြင့် COVID-19 ရောဂါအား ထိရောက်စွာကြိုတင် ကာကွယ် နိုင်ရေးနှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေး ပရဟိတအသင်း အဖွဲ့များက အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က ပြောသည်။
“ကွတ်ခိုင်မြို့အတွင်း လူစည်ကားတဲ့ ဈေးနေရာတွေမှာ ပြည်သူတွေအနေနဲ့ COVID-19 ကပ်ရောဂါကို ကျယ်ကျယ် ပြန့်ပြန့် သိဖို့ လိုအပ်သလို ထိထိရောက်ရောက်နဲ့ ကြိုတင် ကာကွယ် နိုင်ဖို့လည်း လိုအပ်တာကြောင့် ဌာနဆိုင်ရာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူမှုရေးပရဟိတ အသင်းအဖွဲ့တွေက ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ပြုလုပ်ဆောက်ရွက် နေတယ်ဟု" ဦးမြင့်ဆောင်က ပြောသည်။
ကွတ်ခိုင်မြို့အတွင်း COVID-19ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေး ပရဟိတ အသင်းအဖွဲ့များက ပူးပေါင်း၍ လူစည်ကားသည့်နေရာများနှင့် မြို့ အဝင် / ထွက် ရှိ COVID-19ရောဂါကြိုတင်ကာကွယ်ရေးစခန်းတို့၌ ဝင်/ထွက်သွားလာ သည့် အနယ်နယ် အရပ်ရပ်မှ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများကို ကျန်းမာရေး စစ်ဆေးခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးခြင်းနှင့် ကြိုတင်ကာကွယ်ရေး အသိ ပညာပေးခြင်း လုပ်ငန်းတို့ကို အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ကိုမိုင်း(ပြန်/ဆက်)