ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ၏ ၂၀၂၂-၂၀၂၃ ပညာရေးနှစ်၊ ပထမနှစ်ကျောင်းသား/ကျောင်းသူများအား မေဂျာမိတ်ဆက်ပွဲ အခမ်းအနားတက်ရောက်

မြစ်ကြီးနား မေ ၃၁

ကချင်ပြည်နယ်၊ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)မှ ၂၀၂၂-၂၀၂၃ ပညာရေးနှစ်၊ ပထမနှစ် ကျောင်းသား/ ကျောင်းသူများအတွက် မေဂျာမိတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်အားပေးအမှာစကားပြောကြားသည်။

အခမ်းအနားတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ကျောင်းသား/ ကျောင်းသူ များအနေဖြင့် မိမိတို့ပညာသင်ယူမှု ပြီးမြောက်အောင် ဦးစားပေးတက်ရောက်ကြရေး၊ မိမိတို့အစိုးရ အနေဖြင့် ပညာရည်ပြည့်ဝသော နိုင်ငံသားကောင်းများ ပေါ်ထွန်းလာရေး၊ စဉ်းစားဆင်ခြင် ဉာဏ်ပြည့်ဝသည့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာရေး၊ အခက်အခဲများကို ကြံ့ကြံ့ခိုင်ရင်ဆိုင် ပြီး မိမိတို့ပညာဆုံးခန်းတိုင်အောင် လေ့ကျင့်သင်ယူကြရေး၊ တတ်မြောက်လာသည့် ပညာရပ်များ ဖြင့် ပြည်နယ်အကျိုးပြု၊ နိုင်ငံအကျိုးပြု သားကောင်းရတနာများ ဖြစ်ပေါ်လာရေး၊ မိမိတို့ အစိုးရ အဖွဲ့အနေဖြင့် အေးချမ်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် စီမံဆောင်ရွက်ထားပါကြောင်း တိုက်တွန်းအားပေးပြောကြားသည်။

ထို့နောက် နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ မင်းမင်းဦးက မေဂျာမိတ် ဆက်ပွဲပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ဆက်လက်၍ ဌာနမှူး ဆရာ/ဆရာမများက ကျောင်းသား/ကျောင်းသူများအား အဓိက သင်ကြားပို့ချ မည့် ဌာနကြီး (၄)ခုဖြစ်သော မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာနှင့် စွမ်းမှုစွမ်းအား အင်ဂျင်နီယာဘာသာရပ်များနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်  ကျောင်းအပ်နှံလက်ခံခြင်း မေလ ၁၂ ရက်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့ရာ ပထမနှစ် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၆၃)ဦးနှင့် ဘာသာရပ်အလိုက် သက်ဆိုင်ရာ အတန်းနှစ်များတွင် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၈၈)ဦးအထိရှိကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်