သိန္နီ မေ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် Kids Palace Pre School မူကြိုကျောင်း ပထမအကြိမ် ကျောင်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါမူကြိုကျောင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် Kids Palace Pre School မူကြိုကျောင်းတည်ထောင်သူ ဦးမျိုးမြင့်နိုင်က ရင်သွေးငယ်များ အနာဂတ်တွင် ဖွံ့ဖြိုးရေးအတွက် မူကြိုကျောင်းများဖွင့်လှစ်ခဲ့ရခြင်း၏ ရည်ရွယ်ချက်နှင့် မူကြိုကျောင်းဆင်းပွဲ ကျေးဇူးတင်စကားပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက အဖွင့်အမှာစကားပြောကြားခြင်း၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအား လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ မူကြိုဘွဲ့ရ ကလေးငယ်များအား ဘွဲ့လက်မှတ်များပေးအပ်ခြင်း၊ မူကြိုကျောင်းဆင်း သားသားမီးမီးတို့က အကများဖြင့် ဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ Kids Palace Pre School မူကြိုကျောင်းဆင်းပွဲတွင် ကလေးငယ်(၄၆)ဦး ကျောင်းဆင်းခဲ့ကြောင်း သိရသည်။
စောဥမ္မာ ( သိန္နီ)