တာချီလိတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပပြုလုပ်

တာချီလိတ် မေ ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မကာဟိုခမ်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းကြည်ဝင်းက မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံနေ့ဆိုင်ရာ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်အစိုးရက အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးဗလာစာအုပ်များကို ခရိုင်အုပ်ချုပ်ရေးမှူးကပေးအပ်ရာ မြို့နယ်ပညာရေးမှူးကလက်ခံရယူခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်ကပေးအပ်သည့် ကျောင်းသုံးထောက်ပံ့ရေးပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးဒေါ်လှသန်းက လက်ခံရယူခဲ့သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တာချီလိတ်မြို့နယ်ရှိ အခြေခံပညာကျောင်း (၁၃၀)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၆၃၈၆)ဦး၊ (၇၀%)ကျောင်းအပ်နှံခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ယာဆေး ( ပြန်/ဆက်)