မြောက်ဥက္ကလာပ မေ ၃၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ယမန်နေ့နံနက် ၉:၀၀နာရီမှ ညနေ ၃နာရီထိ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီစုရပ်ဆေးထိုးစင်တာ၊ ရွှေပေါက်ကံ ဒေသန္တရဆေးခန်းနှင့် “က”စျေးဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် Booster (CoviShield) ထိုးနှံသူ အသက် (၆၅) နှစ်နှင့် အထက် ထိုးနှံသူ (၁၀၀) ဦး၊ အသက် (၅၅) နှစ်နှင့်အထက် ထိုးနှံသူ (၂၅) ဦး၊ အသက် (၄၀)နှစ်နှင့် အထက်ထိုးနှံသူ(၇၅)ဦး၊ အသက်(၁၈)နှစ်နှင့် အထက်ထိုးနှံသူ(၃၁၁)ဦး၊ အသက်(၁၅)နှစ်မှ (၁၈)နှစ်အကြား ပထမအကြိမ် CoviShield ထိုးနှံသူ(၇)ဦး၊ ပထမအကြိမ် အသက်(၁၈)နှစ်နှင့်အထက် ထိုးနှံသူ(၆၁)၊ ဒုတိယအကြိမ် အသက်(၁၈)နှစ်နှင့်အထက် (CoviShield) ထိုးနှံသူ(၁၈၄)ဦး၊ အသက်(၁၅)နှစ်မှ (၁၈)နှစ်အတွင်း ထိုးနှံသူ(၁၉)ဦး တို့အား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။ မြောက်ဥက္ကလာပမြို့နယ် အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး မြောက်ဥက္ကလာပ မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ခြေနီသူနာပြု တပ်ဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှလှထွေး