ပန်းဘဲတန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်လက်ခံ​ရေး​နေ့ အခမ်းအနား ကျင်းပ

ပန်းဘဲတန်း မေ ၃၁

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ​ကျောင်းအပ်နှံ​ရေး​နေ့ အခမ်းအနားကို ရန်ကုန်တိုင်း​ဒေသကြီး ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ အ.ထ.က(၁) ပန်းဘဲတန်း၊ ဧကရီခန်းမ၌ ယမန်နေ့ နံနက်  ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်​ရေး​ အဖွဲ့ဥက္ကဋ္ဌ ဦး​ကျော်စွာရဲမှ အဖွင့်အမှာစကား​ပြောကြားပြီး မြို့နယ်ပညာ​ရေးမှူး ဦးလှနီက ကျောင်း​နေအရွယ်က​လေးများ ကျောင်း​နေ​ရေးလုပ်ငန်း အစီအစဉ်နှင့် ပတ်သက်၍​ ဆောင်ရွက်ပြီးစီးမှု အ​ခြေအ​နေများကို ရှင်းလင်း​ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနမှူး ​ဒေါက်တာ​ စောဟိန်းကိုကိုစိုးမှ ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ ကျန်းမာ​ရေးအသိပညာ​ပေး​ ဟော​ပြောခဲ့သည်။

ထို့နောက်  မြို့နယ်စီမံအုပ်ချုပ်​ရေး​ အဖွဲ့ဥက္ကဋ္ဌ ဦး​ကျော်စွာရဲနှင့် တာဝန်ရှိသူများက ​ကျောင်းသား /​ ကျောင်းသူများထံ နိုင်ငံ​တော်မှ အခမဲ့ဖြန့်​ဝေ​သော ​ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ​၊ ဘောပင်​၊ ကျောင်းဝတ်စုံများနှင့် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ရေးပစ္စည်းများကို ပေးအပ်ခဲ့​ပြီး ၎င်းအခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ ကျောင်းသားမိဘများနှင့် ​ကျောင်းသား /​ ကျောင်းသူများ စုစု​ပေါင်းလူဦး​ရေ   (၁၅၀) ​ကျော် တက်​ရောက်ခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)