ဟိုပုံး မေ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က ဘုရင့်နောင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရေးအသိပညာပေးဟောပြောပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးတင်ထူးမောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ၊ ယာဉ်မောင်းနှင်ခြင်းမပြုမီ ကြိုတင်စစ်ဆေးရမည့်အချက်များ၊ တားမြစ်ခြင်းနှင့် ကန့်သတ်ခြင်းလမ်းညွှန်၊ အမိန့်ပေးခြင်းလမ်းညွှန်၊ မော်တော်ဆိုင်ကယ် စီးနင်းသူများ ရှောင်ကြဉ်ရန်အချက်နှင့် လိုက်နာရမည့်အချက်များနှင့် သတိပေးလမ်းညွှန်များကို ပရိုဂျက်တာဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားပြီးနောက် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးတင်ထူးမောင်အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)