သာစည် မေ ၃၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အခြေခံပညာကျောင်းအုပ်ကြီးများအား ဖွင့်လှစ်ပို့ချသော စီမံခန့်ခွဲမှုစွမ်းရည်မြှင့်သင်တန်းကို ယနေ့ နေ့လယ် ၁ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်ပညာရေးမှူ (တာဝန်ခံ) ဒေါ်သန်းသန်းဌေး၊ အထက်တန်း ကျောင်းအုပ် ၂ ဦး နှင့် အလယ်တန်းကျောင်းအုပ် ၂ ဦးတို့က စီမံရေးရာ၊ ဘဏ္ဍာရေးရာ၊ ပညာရေးတို့နှင့် ပတ်သက်သော စီမံခန့်ခွဲမှုများကို ပို့ချပေးကြောင်းသိရပြီး သင်တန်းကို ဇွန်လ၌ တစ်ကြိမ်ထပ်မံပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သင်တန်းသို့ မြို့နယ်အတွင်းမှ အခြေခံပညာအထက်တန်းကျောင်းအုပ် ၁၂ ဦး၊ အလယ်တန်းကျောင်းအုပ် ၂၆ ဦးနှင့် မူလတန်းကျောင်းအုပ် ၁၆၈ ဦး၊ စုစုပေါင်း သင်တန်းသား ၂၀၆ ဦး တက်ရောက်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)