လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း)  မေ  ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးအခမ်းအနားကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၂)ရပ်ကွက် တပင်ရွှေထီးလမ်းရှိ  အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁)အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ရှေးဦးစွာအခမ်းအနားတွင် မြန်မာကျောင်းသီချင်းဖြင့် ကျောင်းသား/သူများမှ သီဆိုဖျော်ဖြေပြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်စီမံအုပ်ချုပ်‌‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုမှ အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်ပညာရေးမှူး ဦးကျော်သိန်းထွန်းမှ ကျောင်းအပ်နှံရေးနေ့ ကိစ္စနှင့်ပတ်သတ်၍‌ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်မှထောက်ပံ့သည့် မူလတန်း၊အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းသုံးပစ္စည်းများကို ကျောင်းသား၊ ကျောင်းသူများထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အဖွဲ့၀င်များက အသီးသီးပေးအပ်ပြီး အဆိုပါ မြို့နယ်လုံးဆိုင်ရာ‌ ကျောင်းအပ်နှံရေးအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ‌ရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိဘများနှင့်ကျောင်းသား၊ ကျောင်းသူများ (၁၇၀)ဦး တက်ရောက်ပြီး ကျောင်းသားကျောင်းသူများက ဇာတိမာန်သီချင်းဖျော်ဖြေခြင်းဖြင့် မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံ‌မှုမှာ(၂၉၈၀၁)ဦးရှိကြောင်း သိရသည်။

ခင်ဝင်းမူ