ကလော မေ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် အောင်ပန်းမြို့ ရွာသစ်ရပ်ကွက်တွင် ယနေ့ နံနက် ၁၁နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖယောင်းတိုင်အောက်ခံခွက်မပါဘဲ ဘုရားမီးပူဇော်ရာမှ ဖယောင်းတိုင်လဲကျပြီး ဘုရားစင်သို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ကလောမြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းယာဉ် (၁)စီး၊ အောင်ပန်းမြို့မီးသတ်စခန်းမှ မီးငြိမ်းယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ကလော၊ အောင်ပန်းစခန်းမှ သန္ဓေတပ်ဖွဲ့၊ အရန်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ၁၂ နာရီ၂၀ မိနစ် အချိန်က မီးငြိမ်းသတ်နိုင်ခဲ့ပြီး၊ မီးလောင်မှုကြောင့်(၄၀×၃၀×၂၆)ပေသွပ်မိုး၊အုတ်ကာ၊ပျဉ်ခင်း၊ RC(၂)ထပ်အပေါ်ထပ်မီး လောင်ကျွမ်းခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
မီးလောင်မှုကြောင့် အောင်ပန်းနယ်မြေခံစခန်းမှ မီးပေါ့ဆစွာသုံးစွဲသူအား ဉပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ကျော်ဝင်း(ကလော)