ပြင်ဦးလွင်မြို့နယ်တွင် မျောက်ကျောက်ရောဂါ (Monkeypox Virus Infection) သတိပြုစရာလက္ခဏာများ အကြောင်း နံရံကပ်စာစောင်ပြုလုပ်ပြသ

ပြင်ဦးလွင် မေ ၃၀

ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်တွင် မျောက်ကျောက်ရောဂါ (Monkeypox Virus Infection) သတိပြုစရာ လက္ခဏာများအကြောင်းကို နံရံကပ်စာစောင်ပြုလုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် မျောက်ကျောက်ရောဂါကူးစက်နိုင်သော နည်းလမ်းများ၊ သတိပြုစရာရောဂါ လက္ခဏာများ ဖြစ်သည့် ဖျားပြီး (၁) ရက်မှ (၃) ရက်အတွင်း အရေပြားပေါ်တွင် အဖုများစတင်ပေါ်ပေါက်လာခြင်း၊ အနီကွက်အဖုများ မျက်နှာနှင့်ခြေလက်တွင် ပိုပေါက်လာခြင်း၊ အနာများပွားများလာခြင်း၊ အနာများပေါင်းစပ်ပြီး အရေပြားများ ကွာကျလာ ခြင်းနှင့် ရောဂါကူးစက်ခံရပြီး ပထမဆုံး (၅) ရက်အတွင်း ဖျားခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ပြန်ရည်အိတ်များ ရောင်ရမ်းခြင်း၊ ခါးနာခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ အားနည်းခြင်း စသည့် လက္ခဏာများ၊ ကူးစက်ခြင်းမှ ရှောင်ကြဉ်နိုင်ရန် တောရိုင်းတိရစ္ဆာန်များနှင့် အကာအကွယ်မရှိ ထိတွေ့ခြင်းမှရှောင်ကြဉ်ခြင်း၊ ဖျားနာပြီးသေဆုံးသည့် တိရစ္တာန်များ၏ အသွေးအသားများအား ထိတွေ့ခြင်းမှရှောင်ကြဉ်ခြင်းနှင့် အသားများအား မကျက်တကျက်စားသောက် ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မျောက်ကျောက်ရောဂါ၏ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများနှင့် အခြားကူးစက်ရောဂါများ ဝင်ရောက်လာခြင်းများ၊  ရောဂါကူးစက်ဖြစ်ပွားမှုမှ ကာကွယ်ခြင်းနှင့် တိရစ္ဆာန်များတစ်ဆင့် လူသို့ကူးစက်ခြင်းကို ကာကွယ်နိုင်ရန် နည်းလမ်းများအပြင် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ခြင်းကို ကာကွယ်ရန်အချက်များအား ပြသထားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)