အလုံ မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောကိပိုင်းခရိုင် အလုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းက ကျောင်းနေ အရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့် အညီ ကျောင်းသားမိဘ၊ ဆရာ/ဆရာမနှင့် တာဝန်ရှိသူများ အားလုံးပူးပေါင်းဆောင်ရွက်ကြရန်၊ အလုံမြို့နယ်တွင် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ် အဖြစ် ကျောင်အပ်လက်ခံလျက်ရှိရာ ယနေ့အထိ ကျောင်းအပ်နှံသူ ၁၃၄၀ဦး ရှိပြီဖြစ်ကြောင်း၊ ဇွန်လ ၂ရက်နေ့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန် စသဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သီတာမင်းက “၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သက်ဆိုင်ရာ အတန်းများအလိုက် အတန်းကူးပြောင်းနိုင်ရေးနှင့် ပညာသင်ကြားရေး စနစ်များ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခြေခံကျောင်းများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ကျောင်းအုပ် ဆရာ/ဆရာမကြီးများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တင်တင်ချို (ပြန်/ဆက်)