ကမာရွတ် မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင်“ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာဦးစီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး အခမ်းအနားအား ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာ လေ့ကျင့်ရေး အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် တိုင်းရင်းသားဘာသာစကားဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ် ဦးကိုလေးဝင်းက အဖွင့်အမှာစကားပြောကြားရာ တွင် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းနေအရွယ်ကလေးတိုင်း ကျာင်းတက်နိုင်ရေး ဖြစ်ကြောင်း၊ ကလေးများကျောင်းလာရောက်အပ်နှံရေးအတွက် နှိုးဆော်မှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကလေးများကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဖွင့်အမီ ကျောင်းသန့်ရှင်းရေးများကိုစုပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့် လည်း အခက်အခဲရှိပါကအချိန်မရွေး ဆက်သွယ်အကြောင်းကြားနိုင်ပါကြောင်း အစရှိသည်ဖြင့်ပြောကြားခဲ့သည်။ ဆက်လက်၍မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါက်တာမြင့်မြင့်စန်းက ကျောင်းအပ်နှံရေးနှင့် ကျောင်းဖွင့်လှစ်ခြင်းဆိုင်ရာများ ရှင်းလင်း ပြောကြာပြီး၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်မှ လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်၊၊
ထို့နောက်အခြခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော ကျောင်းသား/သူများအတွက် ကိုယ်ပိုင်ကျောင်းများမှလှူဒါန်းသည့် ဗလာ စာအုပ်နှင့် လှူဒါန်းပစ္စည်းများအား ကိုယ်ပိုင်ကျောင်းများ ကိုယ်စားတာဝန်ရှိသူတစ်ဦးမှ ပေးအပ်ရာကျောင်းသား ကျောင်းသူများမှ လက်ခံရယူခဲ့ကြပါသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး (ပညာရေး) ဒုတိယညွှန်ကြားရေးမှူးဒေါက်တာအောင်ကိုကို၊ ခရိုင်ပညာရေးမှူး ဒေါက်တာမာလာရီ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
စိမ်းလဲ့