တိုက်ကြီး မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း (တိုက်ကြီး) အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) မှ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းသား သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။ ဆက်လက်ပြီး တိုက်ကြီးမြို့နယ် တပ်နယ်မှူး ဗိုလ်မှူးကြီးမင်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်းစိုးနှင့် မြို့နယ်ပညာရေးမှူး ဦးဌေးဌေးတို့က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် အလှူရှင်များက ကျောင်းသား ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများ ပေးအပ်ကာ အခြေခံပညာ အထက်တန်းကျောင်း (တိုက်ကြီး) မှ ကျောင်းသား ကျောင်းသူများက ဇာတိမာန် သီချင်းကိုသီဆို၍ အခမ်းအနားကိုအောင်မြင်စွာ ကျင်းပခဲ့သည်။
အဆိုပါ ကျောင်းအပ်နှံရေး အခမ်းအနားတွင် တိုက်ကြီးမြို့နယ် တပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်အဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ဆရာ ဆရာမကြီးများ၊ ကျောင်းဆရာ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စန်းကလျာခိုင်