မိုင်းတုံမြို့နယ်တွင် မိုးရာသီကာလ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

မိုင်းတုံမေ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် မိုးရာသီကာလ သွေးလွန်တုပ်‌‌ကွေးဖြစ်ပွားမှုနည်းစေရန်ရည်ရွယ်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက အ.ထ.က မိုင်းတုံစာသင်ကျောင်း၊ အမကဝမ်နားစာသင်‌ကျောင်းနှင့် ဦးအောင်ဇေယျဘုန်းကြီး ကျောင်းဝန်းတို့တွင် ဆောင်ရွက်ခဲ့သည်။ အဆိုပါ မိုးရာသီကာလ သွေးလွန်တုပ်ကွေးသည် ဖြစ်ပွားလေ့ရှိသော ပိုးလောက်လန်းမှတစ်ဆင့် ခြင်ပေါက်ဖွားပြီး ၎င်းမှတစ်ဆင့် လူသားတို့ကို အကိုက်ခံရခြင်းမှ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား‌သည်ကို များသောအားဖြင့် တွေ့မြင်ကြရခြင်းဖြစ်သည်။ ဒါကြောင့် သွေးလွန်တုပ်ကွေရောဂါဖြစ်ပွားမှု မရှိစေရန်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပူးပေါင်း၍ စာသင်ခန်းများ၊ ဘုန်းကြီး‌ ကျောင်းများတွင် ခြင်ခိုအောင်းမှုမရှိစေရန်၊ ခြင်ဆေးငွေ့မှုတ်ပေးခြင်း၊ ရေလှောင်ကန်များ၊ ရေပီပါများ၊ ရေပုံးများ၊ ရေမြောင်းများ၊ ဘုရားပန်းအိုးများ၊ မိုးရေဝင်နိုင်သည့်အိုးခြမ်းပဲ့၊ တာယာကွင်း၊ ပတ်ဝန်းကျင်းရှိ အမှိုက်သရိုက်များစသည့် ခြင်ပေါက်ဖွားနိုင်သည့်နေရာများကိုဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြ‌ပြီးကျန်ရှိသည့် စာသင်ကျောင်း၊ ဘုန်းကြီး‌ ကျောင်းနှင့်ရပ်ကွက်များကိုလည်း ဆက်လက်၍ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန် ဒေါက်တာသက်ခိုင်မင်းထံမှ သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်