ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား မေ ၃၀

ကချင်ပြည်နယ် အစိုးရအဖွဲ့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကချင်ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသားသမီး ကျောင်းသား/ ကျောင်းသူများအတွက် ပညာသင် ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ၏ သားသမီးကျောင်းသား/ ကျောင်းသူများအား မိမိတို့အစိုးရအဖွဲ့အနေဖြင့် စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ ရုံးလုပ်ငန်း အခက်အခဲ၊ ကိုယ်ရေးကိုယ်တာ အခက်အခဲ၊ မိသားစုအခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်အပြည့်အဝ ရှိသကဲ့သို့ ဝန်ထမ်းများ၏ ရပိုင်ခွင့်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိပါကြောင်း၊ ယနေ့ဝန်ထမ်းများ၏ သားသမီးများကို အနာဂတ်သားကောင်းရတနာများ ဖြစ်လာစေရေး ပြုစုပျိုးထောင်နိုင်ရန် ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများကို ကူညီထောက်ပံ့ပေးနိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြား သည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အရာထမ်း၊ အမှုထမ်းများ၏ သားသမီး ကျောင်းသား/ ကျောင်းသူများအတွက် ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်အဆင့် ကျောင်းသား/ ကျောင်းသူ (၁၇)ဦးတို့အတွက် ပညာသင်ထောက်ပံ့ကြေးငွေကျပ် ၃၄၀၀၀၀ နှင့် ကျောင်းသုံးပစ္စည်းများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများက အထက်တန်းနှင့် အလယ်တန်း အဆင့် ကျောင်းသား/ကျောင်းသူ (၁၂၉)ဦးတို့အတွက် ပညာသင်ထောက်ပံ့ကြေးငွေကျပ် ၁၄၅၀၀၀၀ နှင့် ကျောင်းသုံးပစ္စည်းများကို လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက မူကြိုအဆင့် ကလေးငယ်များအတွက် ပညာသင်ထောက်ပံ့ကြေးငွေကျပ် ၁၈၇၅၀၀ နှင့် ကျောင်းသုံးပစ္စည်းများကို လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းသားမိဘများကိုယ်စား အရာထမ်း တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယနေ့ အခမ်းအနားတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသားသမီး ကျောင်းသား/ကျောင်းသူ ၁၇၁ ဦးတို့အတွက် ပညာသင်ထောက်ပံ့ ကြေးငွေကျပ် ၁၉၇၇၅၀၀ နှင့် ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ၊ ဘောပင်၊ လွယ်အိတ်၊ ထီး၊ ကျောင်း ဝတ်စုံစသည့် ကျောင်းသုံးပစ္စည်းများအတွက် တန်ဖိုးငွေကျပ် ၄၂၆၀၄၀၀ တို့ဖြင့် ငွေသားနှင့် ပစ္စည်း စုစုပေါင်းထောက်ပံ့ငွေကျပ် ၆၂၃၇၉၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်