သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster) ထိုးနှံဆောင်ရွက်

သာကေတ မေ ၃၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster) အား ဦးတည်အုပ်စုအလိုက် ထိုးနှံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉:၀၀) မှ မွန်းလွဲ (၂:၀၀) အထိ ၇/အနောက်ရပ်ကွက်၊ ဇိနမာရ်အောင်စေတီတော်ဝင်း၊ ၂/တောင်ရပ်ကွက်၊ ရန်အောင်မြင်ဓမ္မာရုံ၊ ၁၀/တောင် ရပ်ကွက်၊ (၁၀၈) တောင်ဘုရားဝင်း စသည့်ဆေးထိုးစုရပ်များ၌ အသက် (၁၅) နှစ်မှအသက် (၁၈) နှစ်ကြား ရှိပြည်သူများ၊ အသက် (၁၈) နှင့် အထက်ရှိသော ပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster) ထိုးနှံဆောင်ရွက်လျက် ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေ နီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပရဟိတ လူမှုကူညီရေးအသင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ ပူးပေါင်း၍ ၁၀/တောင်ရပ်ကွက်၊ ၁၀၈တောင်ဘုရားဝင်း စုရပ်၌ (၈) ရပ်ကွက်၊ (၉) ရပ်ကွက်၊ ၁၀/တောင် ရပ်ကွက်၊ ၁၀/ မြောက်ရပ်ကွက်များရှိ ပြည်သူ (၄၃၁) ဦး၊ ၂/တောင် ရပ်ကွက် ရန်အောင်မြင် ဓမ္မာရုံစုရပ်၌ ၂/တောင် ရပ်ကွက်၊ ၂/မြောက် ရပ်ကွက်၊ ၄/မြောက်ရပ်ကွက်၊ ရန်ပြေရပ်ကွက်၊ မာန်ပြေရပ်ကွက်များရှိ ပြည်သူ (၄၂၃) ဦး၊ ၇/အနောက်ရပ်ကွက် ဇိနမာရ်အောင်ဘုရားဝင်းစုရပ်၌ ၁/ထူပါရုံရပ်ကွက်၊ ၇/အနောက်ရပ်ကွက်၊ ၇/အရှေ့ ရပ်ကွက်များရှိ ပြည်သူ(၄၃၉)ဦးတို့အား Phase-1 (Covishield) ဒုတိယအကြိမ် ကာကွယ်ဆေး၊ Phase-11 (အသက်၁၈နှစ်နှင့်အထက်) ပထမအကြိမ် (Covishield) ကာကွယ်ဆေး၊ Phase-11 (အသက်၁၅နှစ်နှင့် ၁၈နှစ်ကြား) ပထမအကြိမ် (Covaxin) ကာကွယ်ဆေးများကို ဦးတည်အုပ်စုအလိုက် (Booster) ထိုးနှံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယျာမင်း